Sign In

You must be signed in to reach this section.
Email
Password

Don't have an account? Sign Up!
Forgot your password?
or
336 members and counting!
နေရာတိုင်းမှာ အင်ဂျင်နီယာကျောင်းဆင်းတွေက အင်ဂျင်နီယာအသင်း နောက်ပြီး ကိုယ်မြို့ ကိုယ့်ဒေသအလိုက် အသင်းအဖွဲ့တွေ ရှိကြတာတွေ့ရပါတယ်။ ဒါပေမယ့်အချိန်အတော်ကြာသည်အထိ စီးပွားရေးတက္ကသိုလ်ကျောင်းဆင်းတွေအတွက် အသင်းအဖွဲ့ရယ်ကွန်ယက်ရယ်လို့ မတွေ့ရပါဘူး(ကျွန်တော် မသိခဲ့တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်)။ ဘာကြောင့်လည်းလို့ စဉ်းစားမိတယ် ဦးဆောင်ချင်ကြတဲ့သူတွေနည်းလို့လား၊ သူများတကာတွေရဲ့ အလုပ်လိုဝင်ငွေများများ မရကြလို့ မချင့်မရဲ ဖြစ်နေကြတာလား အမျိုးမျိုးပေါ့။ ကျွန်တော်တို့ ကျောင်းတွေမှာ ကျွန်တော်တို့ကို သင်ပေးလိုက်တာကခေါင်းဆောင်မှုပညာဖြစ်လို့ ဦးဆောင်နိုင်တဲ့သူ မရှိတာတော့ မဖြစ်နိုင်ဘူး၊ အင်ဂျင်နီယာတွေကွန်ပျူတာသမားတွေလို အလုပ်စ၀င်ကတည်းက လခမကောင်းကြဘူး ဆိုပေမယ့် အားငယ်နေရတဲ့သူတွေ မဟုတ်တန်ကောင်းပါဘူး။ ဒါဆိုရင်တော့ မလုပ်ဖြစ်ကြတာလို့ပဲ ကျွန်တော်တွေးဆမိတယ်။ဒါကြောင့် ဒီကွန်ယက်လေးကို ကွန်ပျူတာပညာ ခြောက်တီးခြောက်တတ်နဲ့ ကြိုးစားကြည့်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ထက် ၀ါရင့်တဲ့ အတွေ့အကြုံများတဲ့ အကိုတွေအမတွေပါ ပါဝင်ကူညီကြရင် တနေ့နေ့မှာ ဒေသအလိုက်ပဲဖြစ်စေ အားလုံးအတွက်ပဲဖြစ်စေ စီးပွားရေးဘွဲ့ရ အသင်း ရယ်ဆိုပြီး ဖွဲ့နိုင်လိမ့်မယ် ကွန်ယက်တစ်ခုရှိလာတာနဲ့အမျှ စီးပွားရေးကျောင်းဆင်းအချင်းချင်း ပိုမိုရင်းနှီးစွာ တွေ့ဆုံဖြစ်ကြမယ်ဆိုရင် အနည်းဆုံး နှုတ်အားနဲ့ပဲဖြစ်ပါစေ အကြံဥာဏ်ပေး ကူညီနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ဘယ်မှာပဲရောက်နေနေ ဘယ် မြန်မာ့စီးပွားရေးတက္ကသိုလ်ဘွဲ့ရကို မဆို ကြိုဆိုပါတယ်။ ဒေသအလိုက်ကတော့နောက်များမှာ အသင်းအဖွဲ့လေးတွေဖွဲ့နိုင်ဖို့မျှော်လင့်ပါတယ်။